ခွင့်ပြုထားတဲ့ ဦးရေထက်ပိုနေတဲ့ တရုတ်နိုင်ငံသားတွေကို နေအိမ်မှာ ၁၄ ရက် စောင့်ကြည့်မည်

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က နေအိမ်နှစ်အိမ်မှာ ငှားရမ်းနေထိုင်တဲ့ တရုတ်နိုင်ငံသား ၁၁၈ ဦးကို နေအိမ်အပြင်မထွက်စေဘဲ ၁၄ ရက် စောင့်ကြည့်ထိန်းသိမ်းသွားဖို့ စီစဉ်နေပါတယ်။

သင်္ကန်းကျွန်းမြို့နယ် ကမာကြည်တံတားအဆင်းက ပန်းဝါလမ်းနဲ့ နှင်းဆီလမ်းက နှစ်အိမ်မှာ သက်ဆိုင်ရာ လဝကကို အကြောင်းကြားပြီးနေထိုင်တဲ့ တရုတ်လူမျိုးတွေဟာ သတ်မှတ်ထားတဲ့ အရေအတွက်ထက်ပိုနေလို့ဆိုပြီး ပတ်ဝန်းကျင်က တိုင်ကြားတာကြောင့် အာဏာပိုင်တွေက မနေ့က ဝင်ရောက်စစ်ဆေးခဲ့တာပါ။

တရုတ်နိုင်ငံသားတွေဟာ ပတ်စ်ပို့စာအုပ်နဲ့ လေဆိပ်ကနေ တရားဝင်လာကြတာဖြစ်ပြီး လဝက ကနေခွင့်ပြုတဲ့ ဦးရေထက် နေအိမ်တွေမှာ ပိုနေတာကို တွေ့ရတယ်လို့ ပြည့်သူလွှတ်တော် ကိုယ်စားလှယ် ဦးရွှေလှဝင်းက ပြောပါတယ်။ ၂ ထပ်တိုက် တစ်လုံးမှာ လူ ၃၆ ဦးသာ နေထိုင်ခွင့်ပေးထားတာပါ။

ပန်းဝါလမ်းက နေအိမ်မှာ တရုတ်နိုင်ငံသား ၅၄ ဦးနဲ့ နှင်းဆီလမ်းက နေအိမ်မှာ တရုတ်နိုင်ငံသား ၆၄ ဦး နေထိုင်တာတွေ့ရတယ်လို့ သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေလှဝင်းက ပြောပါတယ်။

အဲဒီတရုတ်နိုင်ငံသားတွေကို ခန္ဒာကိုယ်အပူချိန် စစ်ဆေးခဲ့ပြီး သူတို့ကို ၁၄ ရက်ကြာ နေအိမ်ထဲက အပြင်မထွက်ခိုင်းဘဲ စောင့်ကြည်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ခြင့္ျပဳထားတဲ့ ဦးေရထက္ပိုေနတဲ့ တ႐ုတ္ႏိုင္ငံသားေတြကို ေနအိမ္မွာ ၁၄ ရက္ ေစာင့္ၾကည့္မည္ရန္ကုန္တိုင္း သဃၤန္းကြၽန္းၿမိဳ႕နယ္က ေနအိမ္ႏွစ္အိမ္မွာ ငွားရမ္းေနထိုင္တဲ့ တ႐ုတ္ႏိုင္ငံသား ၁၁၈ ဦးကို ေနအိမ္အျပင္မထြက္ေစဘဲ ၁၄ ရက္ ေစာင့္ၾကည့္ထိန္းသိမ္းသြားဖို႔ စီစဥ္ေနပါတယ္။

သကၤန္းကြၽန္းၿမိဳ႕နယ္ ကမာၾကည္တံတားအဆင္းက ပန္းဝါလမ္းနဲ႔ ႏွင္းဆီလမ္းက ႏွစ္အိမ္မွာ သက္ဆိုင္ရာ လဝကကို အေၾကာင္းၾကားၿပီးေနထိုင္တဲ့ တ႐ုတ္လူမ်ိဳးေတြဟာ သတ္မွတ္ထားတဲ့ အေရအတြက္ထက္ပိုေနလို႔ဆိုၿပီး ပတ္ဝန္းက်င္က တိုင္ၾကားတာေၾကာင့္ အာဏာပိုင္ေတြက မေန႔က ဝင္ေရာက္စစ္ေဆးခဲ့တာပါ။

တ႐ုတ္ႏိုင္ငံသားေတြဟာ ပတ္စ္ပို႔စာအုပ္နဲ႔ ေလဆိပ္ကေန တရားဝင္လာၾကတာျဖစ္ၿပီး လဝက ကေနခြင့္ျပဳတဲ့ ဦးေရထက္ ေနအိမ္ေတြမွာ ပိုေနတာကို ေတြ႕ရတယ္လို႔ ျပည့္သူလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေ႐ႊလွဝင္းက ေျပာပါတယ္။ ၂ ထပ္တိုက္ တစ္လုံးမွာ လူ ၃၆ ဦးသာ ေနထိုင္ခြင့္ေပးထားတာပါ။

ပန္းဝါလမ္းက ေနအိမ္မွာ တ႐ုတ္ႏိုင္ငံသား ၅၄ ဦးနဲ႔ ႏွင္းဆီလမ္းက ေနအိမ္မွာ တ႐ုတ္ႏိုင္ငံသား ၆၄ ဦး ေနထိုင္တာေတြ႕ရတယ္လို႔ သကၤန္းကြၽန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေ႐ႊလွဝင္းက ေျပာပါတယ္။

အဲဒီတ႐ုတ္ႏိုင္ငံသားေတြကို ခႏၵာကိုယ္အပူခ်ိန္ စစ္ေဆးခဲ့ၿပီး သူတို႔ကို ၁၄ ရက္ၾကာ ေနအိမ္ထဲက အျပင္မထြက္ခိုင္းဘဲ ေစာင့္ၾကည္သြားမယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။ credit.Aung Thain Kha/RFA

Be the first to comment on "ခွင့်ပြုထားတဲ့ ဦးရေထက်ပိုနေတဲ့ တရုတ်နိုင်ငံသားတွေကို နေအိမ်မှာ ၁၄ ရက် စောင့်ကြည့်မည်"

Leave a comment

Your email address will not be published.