ရွှေ့ပြောင်းအလုပ်သမားတွေကို ရက်ပေါင်း ၁၈၀ နေထိုင်ပြီးမှ ဆန္ဒမဲပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တောင်းဆို

အသစ်ပြင်ဆင်လိုက်တဲ့ ပြည်တွင်းရွှေ့ပြောင်းသူတွေ မဲပေးခွင့်ကို ရက် ၉၀ အစား မူလနည်းဥပဒေမှာပါရှိတဲ့ ရက်ပေါင်း ၁၈၀ အတိုင်း ထားရှိသင့်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံံ့ဖြိုးရေးပါတီက မတ် ၂၀ ရက်နေ့က သဘောထားထုတ်ပြန်လိုက်ပါတယ်။

ရက်ပေါင်း ၉၀ ပြင်ဆင်လိုက်တာဟာ အင်အားကြီးပါတီတွေအနေနဲ့ မိမိပါတီထောက်ခံသူတွေကို လူနည်းစုရှိရာဒေသတွေကို ကြိုတင်စေလွှတ်ပြီး မဲပေးခွင့်ရအောင် လုပ်ဆောင်နိုင်တာ၊ မိမိထောက်ခံတဲ့ပါတီကို မဲပေးရန်ရည်ရွယ်ချက်တစ်ခုတည်းနဲ့ လာရောက်ရွှေ့ပြောင်း နေထိုင်သူတွေအတွက် အခွင့်အလမ်းဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ဥပဒေဖြေလျော့တာကို အခွင့်ကောင်းယူပြီး မဲမသမာမှုတွေဖြစ်လာနိုင်တဲ့အပြင် မူလဒေသခံတွေရဲ့ သဘောထားကို လွှမ်းမိုးအနိုင်ယူသွားနိုင်တာကြောင့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် တည်ဆောက်ရာမှာ အရေးကြီးတဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို အင်အားလျော့စေနိုင်တယ်လို့လည်း ပြောထားပါတယ်။

မိမိဒေသမှာသာ အဓိကထားယှဉ်ပြိုင်တဲ့ တိုင်းရင်းသားပါတီတွေအနေနဲ့ ပြင်ပကနေ အင်အားနဲ့ ဝင်ရောက်လာမယ့် ရွှေ့ပြောင်းမဲဆန္ဒရှင်တွေကြောင့် မူလအခွင့်ရေးတွေ ဆုံးရှုံးနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီရက်ပေါင်း ၉၀ ပြင်ဆင်ချက်ကို ပြည်သူ့လွှတ်တော်မှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တုန်းက တိုင်းရင်းသား ကိုယ်စားလှယ်တွေ ကန့်ကွက်ခဲ့ပေမယ့် အတည်ပြုခဲ့ပြီး အမျိုးသားလွှတ်တော်မှာ ဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်။

တိုင်းရင်းသားပါတီတွေ အပါအဝင် နိုင်ငံရေးပါတီတချို့က ရက်ပေါင်း ၉၀ ပြင်ဆင်ချက်ကို ကန့်ကွက်နေကြပြီး NLD ကိုယ်စားလှယ်တွေကတော့ ရွှေ့ပြောင်းလုပ်သားတွေ မဲပေးခွင့် ပိုရအောင် ပြင်ဆင်တာလို့ ဆိုပါတယ်။

ေ႐ႊ႕ေျပာင္းအလုပ္သမားေတြကို ရက္ေပါင္း ၁၈၀ ေနထိုင္ၿပီးမွ ဆႏၵမဲေပးဖို႔ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီ ေတာင္းဆိုအသစ္ျပင္ဆင္လိုက္တဲ့ ျပည္တြင္းေ႐ႊ႕ေျပာင္းသူေတြ မဲေပးခြင့္ကို ရက္ ၉၀ အစား မူလနည္းဥပေဒမွာပါရွိတဲ့ ရက္ေပါင္း ၁၈၀ အတိုင္း ထားရွိသင့္တယ္လို႔ ျပည္ေထာင္စု ႀကံ့ခိုင္ေရးနဲ႔ ဖြံံ့ၿဖိဳးေရးပါတီက မတ္ ၂၀ ရက္ေန႔က သေဘာထားထုတ္ျပန္လိုက္ပါတယ္။

ရက္ေပါင္း ၉၀ ျပင္ဆင္လိုက္တာဟာ အင္အားႀကီးပါတီေတြအေနနဲ႔ မိမိပါတီေထာက္ခံသူေတြကို လူနည္းစုရွိရာေဒသေတြကို ႀကိဳတင္ေစလႊတ္ၿပီး မဲေပးခြင့္ရေအာင္ လုပ္ေဆာင္ႏိုင္တာ၊ မိမိေထာက္ခံတဲ့ပါတီကို မဲေပးရန္ရည္႐ြယ္ခ်က္တစ္ခုတည္းနဲ႔ လာေရာက္ေ႐ႊ႕ေျပာင္း ေနထိုင္သူေတြအတြက္ အခြင့္အလမ္းျဖစ္ေနတယ္လို႔လည္း ဆိုပါတယ္။

ဥပေဒေျဖေလ်ာ့တာကို အခြင့္ေကာင္းယူၿပီး မဲမသမာမႈေတြျဖစ္လာႏိုင္တဲ့အျပင္ မူလေဒသခံေတြရဲ႕ သေဘာထားကို လႊမ္းမိုးအႏိုင္ယူသြားႏိုင္တာေၾကာင့္ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ တည္ေဆာက္ရာမွာ အေရးႀကီးတဲ့ တိုင္းရင္းသား စည္းလုံးညီၫႊတ္ေရးကို အင္အားေလ်ာ့ေစႏိုင္တယ္လို႔လည္း ေျပာထားပါတယ္။

မိမိေဒသမွာသာ အဓိကထားယွဥ္ၿပိဳင္တဲ့ တိုင္းရင္းသားပါတီေတြအေနနဲ႔ ျပင္ပကေန အင္အားနဲ႔ ဝင္ေရာက္လာမယ့္ ေ႐ႊ႕ေျပာင္းမဲဆႏၵရွင္ေတြေၾကာင့္ မူလအခြင့္ေရးေတြ ဆုံးရႈံးႏိုင္တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ဒီရက္ေပါင္း ၉၀ ျပင္ဆင္ခ်က္ကို ျပည္သူ႔လႊတ္ေတာ္မွာ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔တုန္းက တိုင္းရင္းသား ကိုယ္စားလွယ္ေတြ ကန႔္ကြက္ခဲ့ေပမယ့္ အတည္ျပဳခဲ့ၿပီး အမ်ိဳးသားလႊတ္ေတာ္မွာ ဆက္လက္ေဆြးေႏြးမွာျဖစ္ပါတယ္။

တိုင္းရင္းသားပါတီေတြ အပါအဝင္ ႏိုင္ငံေရးပါတီတခ်ိဳ႕က ရက္ေပါင္း ၉၀ ျပင္ဆင္ခ်က္ကို ကန႔္ကြက္ေနၾကၿပီး NLD ကိုယ္စားလွယ္ေတြကေတာ့ ေ႐ႊ႕ေျပာင္းလုပ္သားေတြ မဲေပးခြင့္ ပိုရေအာင္ ျပင္ဆင္တာလို႔ ဆိုပါတယ္။Credit:RFA၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးနေသူကို တွေ့ရစဉ်)

Be the first to comment on "ရွှေ့ပြောင်းအလုပ်သမားတွေကို ရက်ပေါင်း ၁၈၀ နေထိုင်ပြီးမှ ဆန္ဒမဲပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တောင်းဆို"

Leave a comment

Your email address will not be published.