အိမ်ပေါ်၌ မစင်စွန့်သည့် နှစ်နှစ်သမီး ပထွေးဖြစ်သူ ရိုက်နှက်သဖြင့် သေဆုံး

ဧရာ၀တီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ရေဝန်ကြီးကျေးရွာတွင် နေအိမ်ပေါ်၌ မစင်စွန့်သည့် နှစ်နှစ်အရွယ် မိန်းကလေးငယ်ကို ပထွေးဖြစ်သူက ရိုက်နှက်သဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ရေဝန်ကြီးကျေးရွာနေ အသက်နှစ်နှစ်အရွယ် မမေမြတ်နိုးသည် မတ် ၁၇ ရက် မွန်းလွဲပိုင်းက နေအိမ်ပေါ်တွင် မစင်စွန့်ချသည်ကို ပထွေးဖြစ်သူ သိန်းခိုင် အသက်(၃၀)က ဝါးခြမ်းပြားဖြင့် ရိုက်နှက်သည့်အပြင် ခြေထောက်ဖြင့် ကန်ခဲ့ရာ ကြမ်းပြင်နှင့်ခေါင်းထိမိခဲ့သောကြောင့် အခင်းဖြစ်နေရာတွင် သတိလစ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့စစ်ဆေးပေါ်ပေါက်ချက်များအရ သိရသည်။ မမေမြတ်နိုးကို

ပိုးလောင်းတိုက်နယ်ဆေးရုံ၊ လပွတ္တာ သုံးမိုင် ဆေးရုံနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးများသို့ အဆင့်ဆင့် ပို့ဆောင်ကုသခဲ့သော်လည်း သတိပြန်မလည်ဘဲ ဦးခေါင်းညိုမည်း၊ ချက် ရင်ဘတ် ညိုမည်း၊ ဆီးခုံနား ဖူးရောင် ဒဏ်ရာတစ်ချက်စီဖြင့် မတ် ၂၀ ရက် မွန်းလွဲပိုင်းက သေဆုံးခဲ့ကြောင်း ဧရာ၀တီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ကလေးက အိမ်ပေါ်မှာ မစင်စွန့်တာကို ပထွေးလုပ်တဲ့ သူက ဝါးခြမ်းပြားနဲ့ ရိုက်၊ ခြေထောက်နဲ့ ကန်တာမှာ ကြမ်းပြင်နဲ့ခေါင်းထိမိတာပေါ့။ အဲဒါ လပွတ္တာမှာ အရင်ကုတယ်။ မရတော့ ရန်ကုန်ကို ပို့ကုပေမယ့် သေဆုံးခဲ့တာပါ’ဟု ဧရာ၀တီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ထွန်းရွှေက ပြောဆိုသည်။

ကလေး သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပထွေးဖြစ်သူ သိန်းခိုင်ကို ကန်ဘတ်နယ်မြေ ရဲစခန်းက (ပ)၅၀/ ၂၀၂၀၊ ပြစ်မှုဥပဒေပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း၊ ဓာတ်ပုံ – မျိုးမင်းထွန်း(မြစ်မခ)အိမ္ေပၚ၌ မစင္စြန္႔သည့္ ႏွစ္ႏွစ္သမီး ပေထြးျဖစ္သူ ႐ိုက္ႏွက္သျဖင့္ ေသဆုံးဧရာ၀တီတိုင္းေဒသႀကီး လပြတၱာၿမိဳ႕နယ္ ေရဝန္ႀကီးေက်း႐ြာတြင္ ေနအိမ္ေပၚ၌ မစင္စြန္႔သည့္ ႏွစ္ႏွစ္အ႐ြယ္ မိန္းကေလးငယ္ကို ပေထြးျဖစ္သူက ႐ိုက္ႏွက္သျဖင့္ ေသဆုံးခဲ့ေၾကာင္း သိရသည္။

ေရဝန္ႀကီးေက်း႐ြာေန အသက္ႏွစ္ႏွစ္အ႐ြယ္ မေမျမတ္ႏိုးသည္ မတ္ ၁၇ ရက္ မြန္းလြဲပိုင္းက ေနအိမ္ေပၚတြင္ မစင္စြန္႔ခ်သည္ကို ပေထြးျဖစ္သူ သိန္းခိုင္ အသက္(၃၀)က ဝါးျခမ္းျပားျဖင့္ ႐ိုက္ႏွက္သည့္အျပင္ ေျခေထာက္ျဖင့္ ကန္ခဲ့ရာ ၾကမ္းျပင္ႏွင့္ေခါင္းထိမိခဲ့ေသာေၾကာင့္ အခင္းျဖစ္ေနရာတြင္ သတိလစ္သြားခဲ့ေၾကာင္း ရဲတ

ပ္ဖြဲ႕စစ္ေဆးေပၚေပါက္ခ်က္မ်ားအရ သိရသည္။ မေမျမတ္ႏိုးကို ပိုးေလာင္းတိုက္နယ္ေဆး႐ုံ၊ လပြတၱာ သုံးမိုင္ ေဆး႐ုံႏွင့္ ရန္ကုန္ျပည္သူ႕ေဆး႐ုံႀကီးမ်ားသို႔ အဆင့္ဆင့္ ပို႔ေဆာင္ကုသခဲ့ေသာ္လည္း သတိျပန္မလည္ဘဲ ဦးေခါင္းၫိုမည္း၊ ခ်က္ ရင္ဘတ္ ၫိုမည္း၊ ဆီးခုံနား ဖူးေရာင္ ဒဏ္ရာတစ္ခ်က္စီျဖင့္ မတ္ ၂၀ ရက္ မြန္းလြဲပိုင္းက ေသဆုံးခဲ့ေၾကာင္း ဧရာ၀တီတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉး႐ုံးမွ သိရသည္။

ကေလးက အိမ္ေပၚမွာ မစင္စြန္႔တာကို ပေထြးလုပ္တဲ့ သူက ဝါးျခမ္းျပားနဲ႔ ႐ိုက္၊ ေျခေထာက္နဲ႔ ကန္တာမွာ ၾကမ္းျပင္နဲ႔ေခါင္းထိမိတာေပါ့။ အဲဒါ လပြတၱာမွာ အရင္ကုတယ္။ မရေတာ့ ရန္ကုန္ကို ပို႔ကုေပမယ့္ ေသဆုံးခဲ့တာပါ’ဟု ဧရာ၀တီတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉး႐ုံးမွ ဒုရဲမႉးႀကီး ထြန္းေ႐ႊက ေျပာဆိုသည္။

ကေလး ေသဆုံးခဲ့သည့္ ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ပေထြးျဖစ္သူ သိန္းခိုင္ကို ကန္ဘတ္နယ္ေျမ ရဲစခန္းက (ပ)၅၀/ ၂၀၂၀၊ ျပစ္မႈဥပေဒပုဒ္မ-၃၀၂ ျဖင့္ အမႈဖြင့္ ဖမ္းဆီးစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။သတင္း၊ ဓာတ္ပုံ – မ်ိဳးမင္းထြန္း(ျမစ္မခ)

Be the first to comment on "အိမ်ပေါ်၌ မစင်စွန့်သည့် နှစ်နှစ်သမီး ပထွေးဖြစ်သူ ရိုက်နှက်သဖြင့် သေဆုံး"

Leave a comment

Your email address will not be published.