BURMESE

နိုင်ငံတော်အတိုင်ပင်ခံ နှင့်Video Conference ကို တီးတိနု်မြို့တွင်မလုပ်ခြင်းမှာမေးခွန်းထုတ်စရာဖြစ်ဟု ဒေသခံများဆို

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် လက်ရှိချင်းပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး် ကြုံတွေ့နေရသည့် အခြေအနေဆွေးနွေးမှု ဗီဒီယိုကွန်ဖရန့်ကိုလာမည့် ဧပြီ ၂၄ ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ ယင်းကိစ္စနဲ့ ပတ်သက်ပြီးလက်တွေ့ကြုံနေရသည့် တီးတိန်မြို့တွင်မလုပ်ရခြင်းမှာ မေးခွန်းထုတ်စရာဖြစ်နေကြောင်း COVID – 19 Emergency Committee – Tedim မှ  ဒေသခံများက ပြောသည်။ တီးတိန်မြို့ စေတနာ့ဝန်ထမ်းဖြစ်သည့် ကိုမုန်နိူးက “စက်ပစ္စည်းမစုံဘူးဆိုရင်လည်း တီးတိန်မှာ ရှိတာပဲ၊…

Read More

Covid-19 ကူးစက်မှုကာကွယ်ပြင်ဆင်ခြင်း လုပ်ငန်းများ KIO ပြုလုပ်နေ

ကေအိုင်အို ထိန်းချုပ်နယ်မြေများတွင်လည်း covid-19 ကာကွယ်သည့်အနေဖြင့် အဝင်အထွက်ဂိတ်များတွင် စစ်ဆေးခြင်း လူစုလူဝေး မလုပ်ရန် လုပ်ဆောင်နေကြောင်း ကေအိုင်အိုပြောရေးဆိုးခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကဆိုသည်။ “အခုက တရုတ်ထက်၊ ရန်ကုန်တို့ မြစ်ကြီးနားတို့ဘက်ကလာတဲ့သူတွေကို ပိုပြီးစိုးရိမ်ရတယ်လို့ ထင်တယ်။  ဒါကြောင့် ဂိတ်တွေမှာ စစ်တယ်။ လူစုလူဝေးတွေအကုန်ပိတ်ထားတယ်။ ကာရာအိုကေတွေ အလှပြင်ဆိုင်တွေလည်း အကုန်ပိတ်ထားခိုင်းပြီ။ အခုချိန်ထိတော့ သံသယလူနာမတွေ့သေးဘူး။”ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။ စားသောက်ဆိုင်များတွင်လည်း ထိုင်စားတာမဟုတ်ပဲ ပါဆယ်ဆွဲခွင့်သာ ခွင့်ပြုထားပြီး အသုဘအခမ်းအနားများရှိရင်လည်း ၂၄ နာရီထက်မပိုပဲ…


COVID-19 ရောဂါပိုးရှိသူ ၃ ဦးထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ (၂၈-၃-၂၀၂၀) ရက်နေ့၊ နံနက် (၀၀:၁၅) နာရီတွင် သတင်းထုတ်ပြန်

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၂၇-၃-၂၀၂၀) ရက်နေ့၊ ည (၁၁:၀၀) နာရီ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ(၆၂)ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသော လူနာ (၃) ဦး၏ ဓာတ်ခွဲအဖြေ များတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၅၉) ဦး၏ ဓာတ်ခွဲအဖြေများ တွင်…


ရွှေ့ပြောင်းအလုပ်သမားတွေကို ရက်ပေါင်း ၁၈၀ နေထိုင်ပြီးမှ ဆန္ဒမဲပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တောင်းဆို

အသစ်ပြင်ဆင်လိုက်တဲ့ ပြည်တွင်းရွှေ့ပြောင်းသူတွေ မဲပေးခွင့်ကို ရက် ၉၀ အစား မူလနည်းဥပဒေမှာပါရှိတဲ့ ရက်ပေါင်း ၁၈၀ အတိုင်း ထားရှိသင့်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံံ့ဖြိုးရေးပါတီက မတ် ၂၀ ရက်နေ့က သဘောထားထုတ်ပြန်လိုက်ပါတယ်။ ရက်ပေါင်း ၉၀ ပြင်ဆင်လိုက်တာဟာ အင်အားကြီးပါတီတွေအနေနဲ့ မိမိပါတီထောက်ခံသူတွေကို လူနည်းစုရှိရာဒေသတွေကို ကြိုတင်စေလွှတ်ပြီး မဲပေးခွင့်ရအောင် လုပ်ဆောင်နိုင်တာ၊ မိမိထောက်ခံတဲ့ပါတီကို မဲပေးရန်ရည်ရွယ်ချက်တစ်ခုတည်းနဲ့ လာရောက်ရွှေ့ပြောင်း နေထိုင်သူတွေအတွက် အခွင့်အလမ်းဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ ဥပဒေဖြေလျော့တာကို အခွင့်ကောင်းယူပြီး မဲမသမာမှုတွေဖြစ်လာနိုင်တဲ့အပြင်…


အိမ်ပေါ်၌ မစင်စွန့်သည့် နှစ်နှစ်သမီး ပထွေးဖြစ်သူ ရိုက်နှက်သဖြင့် သေဆုံး

ဧရာ၀တီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ရေဝန်ကြီးကျေးရွာတွင် နေအိမ်ပေါ်၌ မစင်စွန့်သည့် နှစ်နှစ်အရွယ် မိန်းကလေးငယ်ကို ပထွေးဖြစ်သူက ရိုက်နှက်သဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ ရေဝန်ကြီးကျေးရွာနေ အသက်နှစ်နှစ်အရွယ် မမေမြတ်နိုးသည် မတ် ၁၇ ရက် မွန်းလွဲပိုင်းက နေအိမ်ပေါ်တွင် မစင်စွန့်ချသည်ကို ပထွေးဖြစ်သူ သိန်းခိုင် အသက်(၃၀)က ဝါးခြမ်းပြားဖြင့် ရိုက်နှက်သည့်အပြင် ခြေထောက်ဖြင့် ကန်ခဲ့ရာ ကြမ်းပြင်နှင့်ခေါင်းထိမိခဲ့သောကြောင့် အခင်းဖြစ်နေရာတွင် သတိလစ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့စစ်ဆေးပေါ်ပေါက်ချက်များအရ သိရသည်။ မမေမြတ်နိုးကို ပိုးလောင်းတိုက်နယ်ဆေးရုံ၊ လပွတ္တာ…


ခွင့်ပြုထားတဲ့ ဦးရေထက်ပိုနေတဲ့ တရုတ်နိုင်ငံသားတွေကို နေအိမ်မှာ ၁၄ ရက် စောင့်ကြည့်မည်

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က နေအိမ်နှစ်အိမ်မှာ ငှားရမ်းနေထိုင်တဲ့ တရုတ်နိုင်ငံသား ၁၁၈ ဦးကို နေအိမ်အပြင်မထွက်စေဘဲ ၁၄ ရက် စောင့်ကြည့်ထိန်းသိမ်းသွားဖို့ စီစဉ်နေပါတယ်။ သင်္ကန်းကျွန်းမြို့နယ် ကမာကြည်တံတားအဆင်းက ပန်းဝါလမ်းနဲ့ နှင်းဆီလမ်းက နှစ်အိမ်မှာ သက်ဆိုင်ရာ လဝကကို အကြောင်းကြားပြီးနေထိုင်တဲ့ တရုတ်လူမျိုးတွေဟာ သတ်မှတ်ထားတဲ့ အရေအတွက်ထက်ပိုနေလို့ဆိုပြီး ပတ်ဝန်းကျင်က တိုင်ကြားတာကြောင့် အာဏာပိုင်တွေက မနေ့က ဝင်ရောက်စစ်ဆေးခဲ့တာပါ။ တရုတ်နိုင်ငံသားတွေဟာ ပတ်စ်ပို့စာအုပ်နဲ့ လေဆိပ်ကနေ တရားဝင်လာကြတာဖြစ်ပြီး လဝက ကနေခွင့်ပြုတဲ့ ဦးရေထက်…


ကျောက်တော်မှာ တိုက်ပွဲတွေကြောင့် ဒေသခံ ၄၀၀၀ နီးပါး ထွက်ပြေးနေရ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ဒီရက်ပိုင်းတွေမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေလို့ ကျေးရွာ ၁၆ ရွာက ဒေသခံတွေ ကျောက်တော်မြို့ပေါ်ကို ထွက်ပြေးရောက်ရှိလာပါတယ်။ မနေ့ကအထိ လူဦးရေပေါင်း ၃၅၀၀ ကျော်ရှိနေပြီး ဒီကနေ့ ထပ်တိုးလာနိုင်တာကြောင့် ၄၀၀၀ အထိ ဖြစ်လာနိုင်တယ်လို့ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်လှကျော်က ပြောပါတယ်။ ကျောက်တော်နဲ့ ပလက်ဝမြို့နယ်အကြားက ကျေးရွာတွေအနီးမှာ မတ်လ ၈…


သုဝဏ္ဏမြို့နယ်အတွင်း တရုတ် ၁၀၀ ကျော် နေထိုင်နေသည့် အိမ် ၂ အိမ်ကို သက်ဆိုင်ရာက ဝင်ရောက် စစ်ဆေး

ဧရာဝတီ၊ မတ် ၂၂ ရက်၊ ၂၀၂၀ ခုနှစ်ရန်ကုန်မြို့၊ သုဝဏ္ဏမြို့နယ် အတွင်း ဌာနဆိုင်ရာသို့ အသိပေး တိုင်ကြားထားသည့် လူဦးရေထက် ပိုမိုနေသည်ဟု ဆိုသည့် တရုတ်လူမျိုးများ နေထိုင်ရာနေအိမ် ၂ အိမ်အား သက်ဆိုင်ရာဌာနများမှ မတ် ၂၁ ရက် ညပိုင်းက စတင်ကာ ယခု အချိန်ထိ ဝင်ရောက်စစ်ဆေးနေသည်။ ဖြစ်စဉ်မှာ မတ် ၂၁ ရက်နေ့ ည ၉ နာရီဝန်းကျင်ခန့်တွင် သုဝဏ္ဏမြို့နယ်…