CHIN

ချင်းပြည်နယ်တွင်း Covid – 19 စောင့်ကြည့်ခံ ၅၀၈ ဦးရှိပြီး နိုင်ငံခြားမှ ပြန်လာသူ ၃၄၃ ဦးပါဝင်

ချင်းပြည်နယ်တွင် ၁၄ ရက်တာ Covid-19  စောင့်ကြည့်ခံ ၅၀၈ ဦးရှိပြီး လက်တလောအတွင်း နိုင်ငံခြားမှ ပြန်လာသူ  ၃၄၃ ဦးပါဝင်ကြောင်း ချင်းပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ စည်ပင်ဝန်ကြီး ဦးစိုးထက်က “ချင်းပြည်နယ်မှာ စောင့်ကြည့် လူနာလွန်ခဲ့တဲ့ နှစ်ရက်က စာရင်းအရဆိုရင်  တီးတိန်၊ တွန်းဇံ ဖက်မှာ  ရောဂါရှိသူ အပါအဝင်  (၁၄)ရက်စောင့်ကြည့်ခံ ၅၀၈ဦး ရှိတယ်။ နိုင်ငံခြားက ပြန်လာတဲ့  ပြီးခဲ့တဲ့…


မတူပီမြို့ လဝကမှူး ရခိုင်လူမျိုးမှ AA သူပုန်များကို လျှို့ ဝှက် မှတ်ပုံတင်ထုတ်ပေး။

ချင်း ပြည်တောင်ပိုင်း မတူပီမြို့တွင် AA အကြမ်းဖက်သူပုန်များ အရပ်ဝပ်နဲ့ မကြာခဏ လျှို့ဝှက်လာကြပြီး မှတ်ပုံတင်မျုားလုပ်ဆောင် ယူသွားကြသည်ဟုသိရသည်။ မတူပီလဝကရုံး နာမည်မဖော်လိုသည့် ဝန်ထမ်းတစ်ဦးက မတူပီမြို့၌ မှတ်ပုံတင်လုပ်သူ အရမ်းနည်းပေမဲ့ မှတ်ပုံတင်စာရွက်သည် ခဏခဏ ကုန်သွားသည်ဟုသိရသည်။ မတူပီမြို့တွင် နာမည်မသိ ရခိုင်လူမျိုးများ မကြာခန ရောက်လာတတ်ပြီး ထို့သို့ရခိုင်လူမျိုး သူစိမ်းရောက်လာတဲ့ အချိန်မှာ ရုံးက မှတ်ပုံစာရွက်များ မကြာခဏ လျော့နည်းသွားသည်ဟုသူကပြောသည်။ ထို့ကြောင့် ရခိုင် AA သူပုန်စစ်သားများအတွက်…


ကိုးရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ့ရှိခဲ့သည့် ကပ်တဲလ်ရွာမှာ အစောင့်ရှောက်မဲ့ ကျေးရွာလိုဖြစ်နေကြောင်း အုပ်ချုပ်ရေးမှူးမှပြော

တီးတိန်မြို့နယ် ကပ်တဲလ်ရွာတွင် အမေရိကန်နိုင်ငံမှ ပြန်လာသူ ၁ဦးထံက ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခြဲ့ပီးနောက် ရွာကို မတ်လ ၂၄ ရက်နေ့မှ စတင်၍ အဝင်ထွက် ပိတ်ခြင်း(Lockdon) ပြုလုပ်ခဲ့ပြီး ရွာတွင်ကျန်းမာရေး စောင့်ရှောက်မှုပိုင်း အားနည်း နေကြောင်း ကပ်တဲလ်ရွာ အုပ်ချုပ်ရေးမှူး ဒိုးဇတွောင်က ပြောသည်။ ကပ်တဲလ်ရွာ အုပ်ချုပ်ရေးမှူး ဒိုးဇတွောင်က “ရွာကို အဝင်/ထွက်ပိတ်တာ အခုဆိုရင် လေးရက်နေ့ မြောက်ရှိပြီ အိမ်ခြေဆိုရင် ၆၉၄ အိမ် အိမ်ထောင်စု…


ဟားခါးမြို့ပြည်သူ့ဆေးရုံတွင် COVID-19 ရောဂါ သံသယလူနာ (၂)ဦးတွေ့ရှိ

ရန်ကုန်နှင့်မန္တလေးကနေ ဟားခါးရောက်လာတဲ့ တက္ကသိုလ်ကျောင်းသား (၂)ဦးအား COVID-19 ရောဂါ သံသယလူနာအဖြစ် ဟားခါးမြို့ပြည်သူ့ဆေးရုံတွင် သီးသန့်ထားရှိကြောင်း ဟားခါးပိုစ့်သတင်း တစ်ရပ်အရ သိရသည်။ COVID-19 သံသယလူနာ (၂)ဦးသည် မတ်လ (၂၇) ည (၇)နာရီအချိန်ခန့်တွင် ဟားခါးပြည်သူ့ဆေးရုံးသို့ ရောက်ရှိလာကြောင်း ဒေါက်တာမန်ဗျက်ကုန်းမှပြောသည်။ “ဆေးရုံတာဝန်ရှိသူများမှ လူနာ(၂)ဦးအား ည (၁၁း၃၀)ခန့်တွင် စစ်ဆေးမှုတွေပြုလုပ်ပြီး ကိုယ်ပူ၊ ချောင်းဆိုး၊ နှာစေးဝေဒနာများ ခံစားရသဖြင့်  သံသယလူနာအဖြစ်ထားရှိကြောင်း” ဒေါက်တာမန်ဗျက်ကုန်းက ပြောသည်။ သံသယလူနာတစ်ဦးမှာ…


တီးတိန်မြို့နယ်တွင် အမေရိကန်မှ ပြန်လာသည့် အမျိုးသမီးတစ်ဦးအား Covid-19 သံသယလူနာအဖြစ် စောင့်ကြည့်ထားဟုဆို

တီးတိန်မြို့နယ် အန်လန့် (Anlanght) ကျေးရွာမှ အသက်(၆၀) ဝန်းကျင် အမျိုးသမီးတွင် Covid-19 ကိုရိုနာဗိုင်းရပ်စ် သံသယ လူနာအဖြစ် တီးတိန်မြို့ ပြည်သူ့ဆေးရုံတွင် သီးခြား ထားရှိကြောင်း သိရသည်။ တီးတိန်မြို့ ပြည်သူ့ဆေးရုံတွင် သံသယ လူနာအဖြစ် ဆေးကုုသခံယူသည့် အသက်(၆၀) ဝန်းကျင်ရှိ အမျိုးသမီးမှာ အမေရိကန်နိုင်ငံမှ ပြန်လာပြီး တီးတိန်မြို့နယ် အန်လန့် ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်းသိရသည်။ ချင်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က “တာဝန်ရှိတဲ့…


အောင်ဆန်းသူရိယ၊ သူရ၊ ဘီဂျီအမ် ဗိုလ်ကြီး တိုက်ချွန်း ၏မျိုးစဉ်ဆက် အကျဉ်း

အောင်ဆန်းသူရိယ၊အောင်ဆန်းသူရိယ၊ သူရ ၊ BGM ဗိုလ်ကြီးတိုက်ချွန်းအား ဦးဟော်ဖွန်း (Haw Phuen) တိုင်ဖုမ်း (SaAe ,Tung Rei) ရဲန်ခဲန် ရွာသား နှင့်း ဒေါ်နိုင်ဟိုက် (Noung Haih Lumtha) သူတို့မှ ၁၉၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် ဆအုန်း (Saung) ၌ ပြောင်းရွှေ့နေထိုင် ကြစဉ် မွေး ဖွား ခဲ့ပါသည်။ စစ်မက်ကာလ ဖြစ်သော ၁၈၈၀…


တီးတိန်မြို့ပြည်သူ့ဆေးရုံမှ Covid-19 လူနာ ကျန်းမာရေးကောင်းမွန်

Covid-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့်  တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် လူနာသည် ယခုအခါဖျားနာမှုမရှိတော့ဘဲ ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။ “လူနာကကျန်းမာပါတယ် လောလောဆယ်တော့သူ Stable (တည်ငြိမ်၊ ခိုင်ခံ့၊ မဖောက်ပြန်) လည်းဖြစ်ပါတယ် အပူချိန်လည်းတက်တာမရှိဘူး၊ တီးတိန်ပြည်သူ့ဆေးရုံ ၀န်ထမ်းနေထိုင်မယ့်နေအိမ်မှာ ကွာတာအိမ်အသစ်မှာ သီးသန့်ထားတယ်” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ အမေရိကန်နိုင်ငံတွင် Green Card ဖြင့်နေထိုင်သည့် အဆိုပါချင်းအမျိုးသားသည် မင်္ဂလာဆောင်ရန်အတွက် မတ်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံသို့ပြန်လာခဲ့ပြီး…


Editorial

Chin Hlang kah aphu ka sang koek “Chin Hlangphun Kho hnin:-Hlangtom loh mah kah hlangphun a phuet nah Cil Olthang boeih a khueh uh. Amah te van bang la (20th) February kho hnin he Chin…


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မှ ဟားခါးတက္ကသိုလ်တွင် ဘုရားကျောင်းငယ်ဆောက်ရန် ဘိလပ်မြေ နှင့် သွပ်လှူဒါန်း

ဟားခါးတက္ကသိုလ်တွင် တည်ဆောက်ရန် လျာထားသည့် ဘုရားကျောင်းငယ်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဘိလပ်မြေ အိတ် ၁၀၀၀ နှင့် သွပ် ၅၂၅ ချပ် လှူဒါန်းခဲ့ကြောင်းသိရသည်။ “ ပစ္စည်းတွေက အခုလည်းရောက်နေပြီ ၊နောက်တစ်ပတ်အတွင်းအကုန်ရောက်မယ်လို့တော့ ခန့်မှန်းရတယ်၊ဒီဇိုင်းလုပ်တဲ့ဟာနဲ့ ကွက်တိကျအောင် လှူတာဖြစ်တယ်၊ ပုံစံက ကားတိုင် ပုံစံနဲ့ ဆောက်မှာဖြစ်တယ်၊” ဟု ဟားခါးမြို့မိမြို့ဖ ဥက္ကဌ Pu Siang Mang မှပြောသည်ဖြစ်သည်။ ဟားခါးတက္ကသိုလ်တွင်တည်ဆောက်မည့် ဘုရားကျောင်းငယ်သည့်Hakha…


ချင်းပြည်နယ်နှင့် ကလေးမြို့အ၀င်အထွက် ပိတ်လိုက်ပြီ ခိုနူမ်းသုန်သတင်း၊

ချင်းပြည်နယ် တီးတိန်မြို့နှင့် ရန်ကုန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် COVID 19 ရောဂါကူးစက်ခံရသူ ၂ ဦးတွေ့ရှိပြီးနောက် ချင်းပြည်နယ်တီးတိန်မြို့နယ်နှင့် ကလေးမြို့ အ၀င်အထွက်များကို ယနေ့စတင်ပိတ်လိုက်ပြီဖြစ်သည်။ COVID 19 ရောဂါပိုးကူးစက်ခံရသူ ချင်းအမျိုးသား ဧည့်ခံပွဲပြုလုပ်ခဲ့သည့် ချင်းပြည်နယ် တီးတိန်မြို့နယ် ကပ်တဲလ် ကျေးရွာ ကိုလည်း Lockdown သို့မဟုတ် Community Quarantine စတင်ဆောင်ရွက်နေပြီး အဆိုပါချင်းအမျိုးသားနှင့် ထိတွေ့ခဲ့သူအားလုံးကို သီးသန့်ခွဲခြားပြီး Quarantine စတင်လုပ်ဆောင်နေပြီဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက…