တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မှ ဟားခါးတက္ကသိုလ်တွင် ဘုရားကျောင်းငယ်ဆောက်ရန် ဘိလပ်မြေ နှင့် သွပ်လှူဒါန်း
ဟားခါးတက္ကသိုလ်တွင် တည်ဆောက်ရန် လျာထားသည့် ဘုရားကျောင်းငယ်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဘိလပ်မြေ အိတ် ၁၀၀၀ နှင့် သွပ် ၅၂၅ ချပ် လှူဒါန်းခဲ့ကြောင်းသိရသည်။
“ ပစ္စည်းတွေက အခုလည်းရောက်နေပြီ ၊နောက်တစ်ပတ်အတွင်းအကုန်ရောက်မယ်လို့တော့ ခန့်မှန်းရတယ်၊ဒီဇိုင်းလုပ်တဲ့ဟာနဲ့ ကွက်တိကျအောင် လှူတာဖြစ်တယ်၊ ပုံစံက ကားတိုင် ပုံစံနဲ့ ဆောက်မှာဖြစ်တယ်၊” ဟု ဟားခါးမြို့မိမြို့ဖ ဥက္ကဌ Pu Siang Mang မှပြောသည်ဖြစ်သည်။ ဟားခါးတက္ကသိုလ်တွင်တည်ဆောက်မည့် ဘုရားကျောင်းငယ်သည့်Hakha Town Christian Fellowship မှ
အဓိကဦးဆောင်ဆောင်ရွက်ရန်လျာထားသည့် ဘုရားကျောင်းဖြစ်ပြီး ဟားခါးတက္ကသိုလ် ရှိတက္ကသိုလ်ကျောင်းသားများ ဘုရားတရားရှိပြီး စိတ်ကောင်းထားရှိကာ နိုင်ငံနဲ့လူမျိုးအတွက် အကျိုးပြုသူဖြစ်နိုင်ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခြင်းဖြစ်သည်။
Pu Siang Mang မှ ဆက်ပြီး “အဆင်ပြေပါတယ်၊ သူသွားတဲ့ နေရာတိုင်းမှာ ဘုရားတရားဘက်မှာ တက်ကြွစွာပါဝင်တဲ့သူဖြစ်တဲ့ အတွက် ဒီကျွန်တော်တို့ ခရစ်ယာန်ပြည် ရောက်လာတဲ့ ချိန်မှာ ခရစ်ယာန်ပေါင်းစုံ ရှိတဲ့ ဟားခါးတက္ကသိုလ်မှာရှိတဲ့သူတွေအားလုံးအတွက် ကျွန်တော်တို့ဘုရားကျောင်းငယ်ဆောက်ဖို့ လုပ်ပေးနေတာဖြစ်တယ်” ဟားခါးမြို့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရောက်ရှိချိန် လူထုတွေ့ဆုံပွဲတွင် ဒေသခံ မြို့မိမြို့ဖများမှ ပလက်ဝ မြို့နယ်တွင် လိုအပ်နေသည့်
စားနပ်ရိက္ခာအလေးထားဆောင်ရွက်ပေးဖို့နှင့် ဟားခါးတက္ကသိုလ်တွင်တည်ဆောက်နေသည့် ဘုရားကျောင်းအဆောက်အဦးအတွက် ကူညီပေးရန် တောင်းဆို ခဲ့ခြင်းဖြစ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ်လ အစပိုင်းတွင် ချင်းပြည်နယ်အတွင်းရှိ တီးတိန်တပ်နယ်နှင့် ဟားခါးတပ်နယ်ရှိအရာရှိ ၊စစ်သည် မိသားစုများအားသီးခြားတွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး ဟားခါးမြို့ဒေသခံများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
Be the first to comment on "တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မှ ဟားခါးတက္ကသိုလ်တွင် ဘုရားကျောင်းငယ်ဆောက်ရန် ဘိလပ်မြေ နှင့် သွပ်လှူဒါန်း"
Leave a comment
Your email address will not be published.