ပီချောင်းထွက်ပေါက်လည်း ယနေ့ပိတ်လိုက်ပြီ

ချင်ပြည်နယ်၊ ပလက်ဝမြို့သို့သွားလာသော လမ်းများပိတ်ပြီးနောက် လမ်းခရီးခက်ခဲသော်လည်း ပီချောင်းထွက်ပေါက်သည် ဒေသခံများအတွက်အသက်ကယ်ထွက်ပေါက်တစ်ခုအဖြစ် အသုံးပြုလာခဲ့ကြသော်လည်း ယနေ့နေ့ခင်းပိုင်းမှ စတင်ပြီး ကြိမ်ချောင်းရွာနားကနေ စတင်ပိတ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

လမ်းပိတ်လိုက်ကြောင်း သတင်းမရရှိဘဲ ကျောက်တော်တွင် စျေးဝယ်ပြီးအပြန်လမ်း ကြိမ်ချောင်းရွာအနီးအရောက်တွင် မြန်မာ့တပ်မတော်မှ လမ်းပိတ်ထား၍သွားခွင့်မပြုကြောင်း ပြောဆိုပြီး လာလမ်းအတိုင်းပြန်သွားခိုင်းကြောင်း ကိုယ်တိုင်ကြုံတွေ့ရခဲ့သူများက ခူမီးမီဒီယာသို့ ပြောသည်။

“ဘာလို့သွားခွင့်မပြုတာလဲဆိုတာတော့မသိဘူး၊ တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေတော့ အန္တရာယ်ရှိလို့လည်းဖြစ်နိုင်ပါတယ်” ဟု ကျောက်တော်တွင် သောင်တင်နေသူ ပီချောင်းဒေသခံတစ်ဦးက ပြောသည်။ပီချောင်းမှတဆင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ဟွန်ဒါစက်လှေဖြင့် ခဝဲကျေးရွာအထိ သွားလာနိုင်ပြီး ခဝဲနှင့် ပလက်ဝကြား ၁၂မိုင်ကွာဝေးသည်။

“ပီချောင်းဘက်က ရေကြောင်းလမ်းပိတ်လိုက်ပြီတဲ့။ပီးချောင်းဘက်က စျေးဝယ်သူတွေ ကျောက်တော်မှာ ပိတ်မိသွားကြပြန်ပြီ။ ခဝဲကျေးရွာက ၁၁ ဦး၊ ကျီးကန်တောင်ကျေးရွာက ၅ ဦး၊  ဖက်ချောင်းကျေးရွာက ၆ ဦးနှင့် ဘဲဒုံကျေးရွာက ၃ဦး။ အဲလောက် သိထားတယ်။ မသိသေးတဲ့လူတွေလည်း ရှိနိုင်ပါသေးတယ်” ဟု ၎င်းပိတ်မိသူများထဲမှ ဆွေမျိုးတော်စပ်သူ တစ်ဦးကခူမီးမီဒီယာသို့ ပြောသည်။

ကုလားတန်မြစ်ကြောတစ်လျှောက် အေအေလက်နက်ကိုင်တို့ခြေကုတ်ယူပိတ်ဆို့ပြီး သွားလာရေးဖြတ်တောက်ထားသည်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၄)ကတည်းကပင် ဖြစ်သည်။

 

Be the first to comment on "ပီချောင်းထွက်ပေါက်လည်း ယနေ့ပိတ်လိုက်ပြီ"

Leave a comment

Your email address will not be published.