AA အဖွဲ့မှ ဖမ်းဆီးထားသည့် အိန္ဒိယ နိုင်ငံသားများကို ပြန်လွှတ်ပြီး စီမံကိန်းငွေကျပ်သိန်း ၅၀ သိမ်းယူ

ရက္ခိုင့်တပ်မတော် AA အဖွဲ့မှ ပလက်ဝဆိပ်ခံတံတား ဆောက်လုပ်သည့် လုပ်ငန်းရန်ပုံငွေမှ ငွေကျပ်သိန်း(၅၀)ကိုလုယူပြီး  ဖမ်းဆီးခေါ်ဆောင်သွားသည့် အိန္ဒိယ နိုင်ငံသားအပါအဝင် ဝန်ထမ်း (၁၅)ဦးကို ယနေ့မနက် ကိုးနာရီတွင် ပြန်လွှတ်ပေးလိုက်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ဒီနေ့မနက် အဆက်သွယ်ရတာတော့ မနေ့ည ဆယ်နာရီနောက်ပိုင်း ဖမ်းသွားတယ််လို့ သိရတယ်၊ ဒီနေ့မနက်တော့ ပိုက်ဆံ သိန်း(၅၀)နဲ့လိုတဲ့ပစ္စည်းတစ်ချို့ ယူပြီးတော့ လူကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ ပြောတယ်၊ အခု ပလက်ဝဆိပ်ကမ်းကနေ လွတ်လာပြီးတော့  ပလက်ဝမြို ့ပေါ်က တာဝန်ရှိတဲ့ သူတွေနဲ့ မေးမြန်းနေတယ်လို့ သိရတယ်”ဟုပြောသည်။

ပလက်ဝမြို့အရှေ့ဘက်ကမ်းတွင် တည်ဆောက်နေသည့် ပလက်ဝ ဆိပ်ခံတံတား တည်ဆောက်မှု လုပ်ငန်းခွင်အတွင်း မတ်လ(၂၂)ရက်နေ့ ညတွင် AAအဖွဲ့ဝင်ရောက်ပြီး ဆိပ်ခံတံတား ဆောက်လုပ်နေသော လုပ်ငန်းခွင်ရန်ပုံငွေသိန်း(၅၀) ကိုလုယူပြီး အိန္ဒိယနိုင်ငံသား ရဦး၊ စကားပြန် ၃ဦး၊ ဝန်ထမ်း ၅ ဦး စုစုပေါင်း (၁၅) တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “လွှတ်မြောက်လာတဲ့သူတွေ ပြောပြချက်အရတော့ ငွေသား သိန်းငါးဆယ်ကို AAအဖွဲ့က ယူတယ်လို့ သိရပါတယ်။ ကျန်တဲ့ သတင်းအချက်အလက် တွေကိုတော့ စစ်ဆေးမေးမြန်းနေတယ်လို့ သိရတယ်”ဟုပြောသည်။

ရက္ခိုင့်တပ်မတော်AA အဖွဲ့မှ ဖမ်းဆီးသွားသူများကို  ဆိပ်ခံတံတား တည်ဆောက်နေသည့် လုပ်ငန်းခွင်မှ တစ်မိုင်ခန့် အကွာတွင်ရှိသည့် ကြက်ဥဝရွာအနီးတွင် အိပ်ခိုင်းပြီး ယနေ့မနက်တွင် ပြန်လွှတ်ပေးလိုုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ပလက်ဝမြို့ အရှေ့ဖက်ကမ်းတွင် တည်ဆောက်နေသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်သည် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ  သဘောတူညီချက်ဖြင့် တည်ဆောက် အကောင်ထည်ဖော်နေသော ကုလားတန် ဘက်စုံသုံး စီမံကိန်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။

AA အဖွဲ့မှ ဖမ်းဆီးထားသည့် အိန္ဒိယ နိုင်ငံသားများကို ပြန်လွှတ်ပြီး စီမံကိန်းငွေသိန်းငါးဆယ် သိမ်းယူ ရက္ခိုင့်တပ်မတော် AA အဖွဲ့မှ ပလက်ဝဆိပ်ခံတံတား ဆောက်လုပ်သည့် လုပ်ငန်းရန်ပုံငွေမှ ငွေကျပ်သိန်း(၅၀)ကိုလုယူပြီး  ဖမ်းဆီးခေါ်ဆောင်သွားသည့် အိန္ဒိယ နိုင်ငံသားအပါအဝင် ဝန်ထမ်း (၁၅)ဦးကို ယနေ့မနက် ကိုးနာရီတွင် ပြန်လွှတ်ပေးလိုက်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ဒီနေ့မနက် အဆက်သွယ်ရတာတော့ မနေ့ည ဆယ်နာရီနောက်ပိုင်း ဖမ်းသွားတယ်လို့ သိရတယ်၊ ဒီနေ့မနက်တော့ ပိုက်ဆံ သိန်း(၅၀)နဲ့လိုတဲ့ပစ္စည်းတစ်ချို့ ယူပြီးတော့ လူကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ ပြောတယ်၊ အခု ပလက်ဝဆိပ်ကမ်းကနေ လွတ်လာပြီးတော့  ပလက်ဝမြို့ပေါ်က တာဝန်ရှိတဲ့ သူတွေနဲ့ မေးမြန်းနေတယ်လို့ သိရတယ်”ဟုပြောသည်။

ပလက်ဝမြို့အရှေ့ဘက်ကမ်းတွင် တည်ဆောက်နေသည့် ပလက်ဝ ဆိပ်ခံတံတား တည်ဆောက်မှု လုပ်ငန်းခွင်အတွင်း မတ်လ(၂၂)ရက်နေ့ ညတွင် AAအဖွဲ့ဝင်ရောက်ပြီး ဆိပ်ခံတံတား ဆောက်လုပ်နေသော လုပ်ငန်းခွင်ရန်ပုံငွေသိန်း(၅၀) ကိုလုယူပြီး အိန္ဒိယနိုင်ငံသား ရဦး၊ စကားပြန် ၃ဦး၊ ဝန်ထမ်း ၅ ဦး စုစုပေါင်း (၁၅) တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “လွှတ်မြောက်လာတဲ့သူတွေ ပြောပြချက်အရတော့ ငွေသား သိန်းငါးဆယ်ကို AAအဖွဲ့က ယူတယ်လို့ သိရပါတယ်။ ကျန်တဲ့ သတင်းအချက်အလက် တွေကိုတော့ စစ်ဆေးမေးမြန်းနေတယ်လို့ သိရတယ်”ဟုပြောသည်။

ရက္ခိုင့်တပ်မတော်AA အဖွဲ့မှ ဖမ်းဆီးသွားသူများကို  ဆိပ်ခံတံတား တည်ဆောက်နေသည့် လုပ်ငန်းခွင်မှ တစ်မိုင်ခန့် အကွာတွင်ရှိသည့် ကြက်ဥဝရွာအနီးတွင် အိပ်ခိုင်းပြီး ယနေ့မနက်တွင် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ပလက်ဝမြို့ အရှေ့ဖက်ကမ်းတွင် တည်ဆောက်နေသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်သည် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ  သဘောတူညီချက်ဖြင့် တည်ဆောက် အကောင်ထည်ဖော်နေသော ကုလားတန် ဘက်စုံသုံး စီမံကိန်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ credit: chin world/Salai Khup Khup

Be the first to comment on "AA အဖွဲ့မှ ဖမ်းဆီးထားသည့် အိန္ဒိယ နိုင်ငံသားများကို ပြန်လွှတ်ပြီး စီမံကိန်းငွေကျပ်သိန်း ၅၀ သိမ်းယူ"

Leave a comment

Your email address will not be published.