ကိုရိုနာဗိုင်းရပ်စ်ကြောင့် မနေ့က သေဆုံးသူ ၁၅၀၀ ကျော်ရှိ

နိုင်ငံအသီးသီးမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မနေ့က တစ်ရက်ထဲမှာတင် သေဆုံးသူ ၁၅၀၀ ကျော်ရှိခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စု Johns Hopkins တက္ကသိုလ်ရဲ့လေ့လာချက်အရ မနေ့က မနက်ပိုင်းအထိ သေဆုံးသူ ၁၁၃၉၇ ယောက် ရှိခဲ့ရာကနေ ဒီနေ့မနက်မှာ ၁၃၀၄၉ ယောက် အထိမြင့်တက်လာခဲ့တာပါ။

မနေ့က သေဆုံးသူ အများစုဟာ အီတလီနိုင်ငံက ဖြစ်ပြီး အီတလီမှာ စုစုပေါင်း သေဆုံးသူ ၄၈၂၅ ယောက်ရှိနေပါပြီ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ နိုင်ငံတွေထဲက သေဆုံးမှု အများဆုံးနိုင်ငံဟာ အီတလီ ဖြစ်လာပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ မနေ့က သေဆုံးသူ ၆ ယောက်သာရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၃၁၄၄ ယောက်ရှိနေပါပြီ။တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဗိုင်းရပ်စ် ကူးစက်ခံရတာ သေချာတယ်လို့ အတည်ပြုနိုင်သူပေါင်း သုံးသိန်းခုနစ်ထောင်ကျော် ရှိပါတယ်။

ရောဂါပျောက်ကင်းသွားတဲ့သူပေါင်းက ကိုးသောင်းနှစ်‌ထောင်ကျော်ရှိတယ်လို့ Johns Hopkins ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံနဲ့ ဒေသပေါင်း ၁၇၀ လောက်မှာ ကူးစက်ဖြစ်ပွားနေတာပါ။ မြန်မာနိုင်ငံမှာတော့ မတ် ၂၁ ရက်နေ့ ညအထိ ဗိုင်းရပ်စ် ကူးစက်ခံရသူ မရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ မေန႔က ေသဆုံးသူ ၁၅၀၀ ေက်ာ္ရွိ ႏိုင္ငံအသီးသီးမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ မေန႔က တစ္ရက္ထဲမွာတင္ ေသဆုံးသူ ၁၅၀၀ ေက်ာ္ရွိခဲ့ပါတယ္။ အေမရိကန္ ျပည္ေထာင္စု Johns Hopkins တကၠသိုလ္ရဲ႕ေလ့လာခ်က္အရ မေန႔က မနက္ပိုင္းအထိ ေသဆုံးသူ ၁၁၃၉၇ ေယာက္ ရွိခဲ့ရာကေန ဒီေန႔မနက္မွာ ၁၃၀၄၉ ေယာက္ အထိျမင့္တက္လာခဲ့တာပါ။

မေန႔က ေသဆုံးသူ အမ်ားစုဟာ အီတလီႏိုင္ငံက ျဖစ္ၿပီး အီတလီမွာ စုစုေပါင္း ေသဆုံးသူ ၄၈၂၅ ေယာက္ရွိေနပါၿပီ။ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ ႏိုင္ငံေတြထဲက ေသဆုံးမႈ အမ်ားဆုံးႏိုင္ငံဟာ အီတလီ ျဖစ္လာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြားခဲ့တဲ့ တ႐ုတ္ႏိုင္ငံမွာေတာ့ မေန႔က ေသဆုံးသူ ၆ ေယာက္သာရွိခဲ့ၿပီး စုစုေပါင္း ေသဆုံးသူ ၃၁၄၄ ေယာက္ရွိေနပါၿပီ။တစ္ကမာၻလုံးအတိုင္းအတာအရ ဗိုင္းရပ္စ္ ကူးစက္ခံရတာ ေသခ်ာတယ္လို႔ အတည္ျပဳႏိုင္သူေပါင္း သုံးသိန္းခုနစ္ေထာင္ေက်ာ္ ရွိပါတယ္။

ေရာဂါေပ်ာက္ကင္းသြားတဲ့သူေပါင္းက ကိုးေသာင္းႏွစ္‌ေထာင္ေက်ာ္ရွိတယ္လို႔ Johns Hopkins ရဲ႕ ေလ့လာခ်က္မွာ ေဖာ္ျပထားပါတယ္ကို႐ိုနာဗိုင္းရပ္စ္ဟာ ႏိုင္ငံနဲ႔ ေဒသေပါင္း ၁၇၀ ေလာက္မွာ ကူးစက္ျဖစ္ပြားေနတာပါ။ ျမန္မာႏိုင္ငံမွာေတာ့ မတ္ ၂၁ ရက္ေန႔ ညအထိ ဗိုင္းရပ္စ္ ကူးစက္ခံရသူ မရွိေသးေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္Photo: ASSOCIATED PRES(အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသွားသူတွေကို မီးသင်္ဂြိုဟ်ဖို့  Ferrara သုသာန်ကို သယ်ဆောင်နေစဉ်)credit:

Be the first to comment on "ကိုရိုနာဗိုင်းရပ်စ်ကြောင့် မနေ့က သေဆုံးသူ ၁၅၀၀ ကျော်ရှိ"

Leave a comment

Your email address will not be published.