တီးတိန်မြို့နယ် တွင် COVID-19 ပိုးတွေ့ရှိသူ လူနာ၏ ကျန်းမာရေးအနေအထား ပုံမှန်ရှိဟုဆို

အသက် ၃၆ နှစ်အရွယ် COVID-19  ရောဂါပိုးတွေ့ရှိသူ သည် လက်ရှိတွင် ချင်းပြည်နယ်၊တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ကျန်းမာရေးအခြေအနေအရ ကောင်းမွန်လျက်ရှိကြောင်းသိရသည်။

“ သက်ဆိုင်ရာ တီးတိန်ဆေးရုံအုပ်ကနေတစ်ဆင့် Facebook မှာ friendလုပ်လိုက်ပါတယ်၊videocallနဲ့ကျွန်တော်တို့ပြောဖြစ်ပါတယ်၊သူ့အနေနဲ့ဘယ်လိုနေထိုင်လဲဆိုတော့ကောင်းပါတယ်တဲ့၊ဘာလက္ခာဏာတွေရှိသေးလဲဆိုတော့ဖျားတာနာတာတွေမရှိဘူး၊အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ပြသနာဘာမှ မရှိပါဘူးလို့ပြောပါတယ်၊သူ့အနေနဲ့ နေရထိုင်ရလည်း အဆင်ပြေပါတယ်လို့လည်းပြောပါတယ် “ ဟု ချင်းပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူးဒေါက်တာအောင်ငွေစံမှယနေ့ပြုလုပ်သည့်ချင်းပြည်နယ်အစိုးရအဖွဲ့၏တီးတိန်မြို့နယ်ရှိလူနာနှင့်ပတ်သက်သည့်ညှိနှိုင်းဆွေးနွေးပွဲတွင်ပြောသည်။

ချင်းပြည်နယ် အစိုးရ အမိန့်ကြေညာစာတွင်လည်း အဆိုပါလူနာမှာ ကိုယ်ပူခြင်း၊ချောင်းဆိုးခြင်း မရှိပဲ ပုံမှန်အခြေအနေတွင်ရှိကြောင်း ထုတ်ပြန်ထားသည်။

ဒေါက်တာအောင်ငွေစံမှ ဆက်ပြီး “ ပွင့်ပွင့်လင်းလင်းပြောရရင် ပိုးတွေ့တဲ့လူနာပေါ့

လဲ၊သို့သော် အပြစ်သားမဟုတ်ဘူး ၊လူသားတစ်ဦးပဲဖြစ်ပါတယ်၊ဘယ်သူမှရောဂါဖြစ်ချင်တဲ့သူမရှိဘူး၊အကြောင်းအခြေအနေ ကြောင့် ဖြစ်လာတာပဲ၊ဒီပေါ်မှာ အကောင်းဆုံးဖြစ်အောင် ပြည်သူလူထုပေါ်မှာ မပြန့်နှံ့အောင်၊မကူးစက်အောင် ကျွန်တော်တို့ဆောင်ရွက်ရမှာဖြစ်သလို သူ့ကိုလည်း လူသားခြင်းစာနာထောက်ထားတဲ့အနေနဲ့ အတက်နိုင်ဆုံးကုသမှုပေးသလို ၊စိတ်ခွန်အားလည်း ပေးရမှာဖြစ်ပါတယ်” ဟုပြောသည်။

လက်ရှိတွင် လူနာရဲ့စားသောက်မှုတွင်လည်း ယင်းလူနာ၏ ဆွေမျိုးအသိုင်းအဝိုင်းမှ တစ်ဦးမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး  ထိတွေ့မှုမရှိပဲ အကွာအဝေးတစ်ခုတွင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

လက်ရှိ တီးတိန်မြို့နယ်တွင် COVID -19 ပိုးတွေ့ရှိသော လူနာသည် အမေရိကန်နိုင်ငံ မှ ၁၃.၃.၂၀၂၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့ပြီး ကလေးမြို့သို့၂ညအိပ် ပြီး Pre Wedding ဓာတ်ပုံရိုက်ခဲ့ကြောင်း၊ထို့နောက် တီးတိန်မြို့သို့ တစ်ညအိပ်ပြီး နောက်တစ်နေ့တွင် ကပ်တဲလ်ကျေးရွာသို့ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ပြီး အဖျားတက်သောကြောင့် ဆေးခန်းပြရာမှ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

တီးတိန်မြို့နယ်တွင် အဆိုပါလူနာတွင် ကိုဗစ် ၁၉ရောဂါပိုးတွွေ့ရှိသည်ဟုယမန်နေ့ညတွင်ကျန်းမာရေးဝန်ကြီးဌာနမှကြေညာပြီးနောက် ယနေ့မတ်လ၂၄ ရက်တွင် ကလေးမြို့နှင့်တီးတိန်မြို့အကြားခရီးသွားလာမူကိုသက်ဆိုင်ရာမှကန့်သတ်ခဲ့သည်။

တီးတိန္ၿမိဳ႕နယ္ တြင္ COVID-19 ပိုးေတြ႕ရွိသူ လူနာ၏ က်န္းမာေရးအေနအထား ပုံမွန္ရွိဟုဆို

အသက္ ၃၆ နွစ္အရြယ္ COVID-19  ေရာဂါပိုးေတြ႕ရွိသူ သည္ လက္ရွိတြင္ ခ်င္းျပည္နယ္၊တီးတိန္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံတြင္ ေဆးကုသမႈခံယူလ်က္ရွိၿပီး က်န္းမာေရးအေျခအေနအရ ေကာင္းမြန္လ်က္ရွိေၾကာင္းသိရသည္။

“ သက္ဆိုင္ရာ တီးတိန္ေဆး႐ုံအုပ္ကေနတစ္ဆင့္ Facebook မွာ friend လုပ္လိုက္ပါတယ္၊video call နဲ႔ ကၽြန္ေတာ္တို႔ေျပာျဖစ္ပါတယ္၊သူ႔အေနနဲ႔ ဘယ္လိုေနထိုင္လဲဆိုေတာေကာင္းပါတယ္တဲ့၊ဘာလကၡာဏာေတြရွိေသးလဲဆိုေတာ့ဖ်ားတာနာတာေတြမရွိဘူး၊အသက္ရႉလမ္းေၾကာင္းနဲ႔ဆိုင္တဲ့ျပသနာဘာမွ မရွိပါဘူးလို႔ေျပာပါတယ္၊သူ႔အေနနဲ႔ ေနရထိုင္ရလည္း အဆင္ေျပပါတယ္လို႔လည္းေျပာပါတယ္ “ ဟု ခ်င္းျပည္နယ္ က်န္းမာေရးႏွင့္ ကုသေရးဦးစီးမႉး ေဒါက္တာေအာင္ေငြစံမွ ယေန့ျပဳလုပ္သည့္ ခ်င္းျပည္နယ္အစုိးရအဖြဲ့၏ တီးတိန္ျမိဳ့နယ္ရွိလူနာနွင့္ပတ္သက္သည့္ညိွနွိုင္းေဆြးေနြးပြဲတြင္ေျပာသည္။

ခ်င္းျပည္နယ္ အစိုးရ အမိန႔္ေၾကညာစာတြင္လည္း အဆိုပါလူနာမွာ ကိုယ္ပူျခင္း၊ေခ်ာင္းဆိုးျခင္း မရွိပဲ ပုံမွန္အေျခအေနတြင္ရွိေၾကာင္း ထုတ္ျပန္ထားသည္။

ေဒါက္တာေအာင္ေငြစံမွ ဆက္ၿပီး “ ပြင့္ပြင့္လင္းလင္းေျပာရရင္ ပိုးေတြ႕တဲ့လူနာေပါ့

လဲ၊သို႔ေသာ္ အျပစ္သားမဟုတ္ဘူး ၊လူသားတစ္ဦးပဲျဖစ္ပါတယ္၊ဘယ္သူမွေရာဂါျဖစ္ခ်င္တဲ့သူမရွိဘူး၊အေၾကာင္းအေျခအေန ေၾကာင့္ ျဖစ္လာတာပဲ၊ဒီေပၚမွာ အေကာင္းဆုံးျဖစ္ေအာင္ ျပည္သူလူထုေပၚမွာ မျပန႔္ႏွံ့ေအာင္၊မကူးစက္ေအာင္ ကၽြန္ေတာ္တို႔ေဆာင္ရြက္ရမွာျဖစ္သလို သူ႔ကိုလည္း လူသားျခင္းစာနာေထာက္ထားတဲ့အေနနဲ႔ အတက္နိုင္ဆုံးကုသမႈေပးသလို ၊စိတ္ခြန္အားလည္း ေပးရမွာျဖစ္ပါတယ္” ဟုေျပာသည္။

လက္ရွိတြင္ လူနာရဲ့စားေသာက္မႈတြင္လည္း ယင္းလူနာ၏ ေဆြမ်ိဳးအသိုင္းအဝိုင္းမွ တစ္ဦးမွ တာဝန္ယူေဆာင္ရြက္လ်က္ရွိၿပီး  ထိေတြ႕မႈမရွိပဲအကြာအေဝးတစ္ခုတြင္ေဆာင္ရြက္လ်က္ရွိေၾကာင္းသိရသည္။

လက္ရွိ တီးတိန္ၿမိဳ႕နယ္တြင္ COVID -19 ပိုးေတြ႕ရွိေသာ လူနာသည္ အေမရိကန္နိုင္ငံ မွ ၁၃.၃.၂၀၂၀ ရက္ေန႔တြင္ ျမန္မာနိုင္ငံသို႔ ေလေၾကာင္းခရီးျဖင့္ ဝင္ေရာက္လာခဲ့ၿပီး ကေလးၿမိဳ႕သို႔၂ညအိပ္ ၿပီး Pre Wedding ဓာတ္ပုံရိုက္ခဲ့ေၾကာင္း၊ထို႔ေနာက္ တီးတိန္ၿမိဳ႕သို႔ တစ္ညအိပ္ၿပီး ေနာက္တစ္ေန႔တြင္ ကပ္တဲလ္ေက်းရြာသို႔ ဆုေတာင္းပြဲမ်ား ျပဳလုပ္ခဲ့ၿပီး အဖ်ားတက္ေသာေၾကာင့္ ေဆးခန္းျပရာမွ ေရာဂါပိုးေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

တီးတိန္ျမိဳ့နယ္တြင္ အဆုိပါလူနာတြင္ ကုိဗစ္ ၁၉ေရာဂါပုိးေတြြ့ရွိသည္ဟုယမန္ေန့ညတြင္က်န္းမာေရး၀န္ၿကီးဌာနမွေၿကညာျပီးေနာက္ ယေန့မတ္လ၂၄ ရက္တြင္ ကေလးျမိဳ့ႏွင့္တီးတိန္ျမိဳ့အၿကားခရီးသြားလာမူကုိသက္ဆုိင္ရာမွကန့္သတ္ခဲ့သည္။ credit: chin world/Shing Mang

 

 

Be the first to comment on "တီးတိန်မြို့နယ် တွင် COVID-19 ပိုးတွေ့ရှိသူ လူနာ၏ ကျန်းမာရေးအနေအထား ပုံမှန်ရှိဟုဆို"

Leave a comment

Your email address will not be published.