မတူပီမြို့၌ ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ချင်းပြည်နယ်  မတူပီမြို့တွင်  ကိုရိုနာဗိုင်းရပ်စ် (COVID-19)ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် အတွက် အဖျားတိုင်းတာခြင်း၊ ဆေးပက်ဖျန်းခြင်း၊ အသိပညာပေးပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို  မတ် ၂၇ ရက် နံနက် ၁၀ နာရီတွင်    အရှိန်အဟုန်မြှင့်ပြီး  ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မတူပီမြို့ စန်ဘောင်လမ်းဆုံ၊     ရှစ်လမ်းဆုံနှင့်    မြို့အဝင်၊ အထွက်တို့တွင် အဖျားတိုင်းတာခြင်းလုပ်ငန်းများ၊ အသိပညာပေးပိုစတာများစိုက်ထူခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်သည်။

ဆက်လက်ပြီး မတူပီမြို့အတွင်းရှိ ဟိုတယ် များနှင့် တည်းခိုဧည့်ရိပ်ခန်းများတွင် ပိုးသတ်ဆေး ပက်ဖျန်းခြင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင် မြင့်ကျော်၊    မတူပီမြို့နယ်တာဝန်ခံ   ဒေါက်တာ သစ်လွင်သိမ်းနှင့်      ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က အရှိန်အဟုန်မြှင့်တင်   ဆောင်ရွက်လျက်ရှိသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းမှ  ကြိုတင်ကာကွယ် နိုင်ရန်အတွက် မတူပီမြို့ရှိ ဘုရားရှိခိုးကျောင်းများ၊

လက်ထပ်မင်္ဂလာထိမ်းမြားခြင်းများ၊ ရိုးရာပွဲတော်များ နှင့် လူစုဝေးရာများကို မပြုလုပ်ရန် တားမြစ်ထားပြီး ပြည်ပနိုင်ငံများမှ မတူပီမြို့သို့ ရောက်ရှိလာသူများကို မတူပီမြို့ ပြည်သူ့ဆေးရုံ၌ ၁၄ ရက်ကြာ စနစ်တကျ စောင့်ကြည့်ခြင်းများ    ဆောင်ရွက်ထားကြောင်း သိရသည်။             ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)

 

Be the first to comment on "မတူပီမြို့၌ ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်"

Leave a comment

Your email address will not be published.